Breaking News

စီနီယာက ဂျူနီယာကို ညှင်းပန်းနှိပ်စက်အနိုင်ကျင့်မှုကြောင့် ဗိုလ်လောင်းတစ်ယောက် ကြွေလွင့်သွားခဲ့ရပြန်




အဆင်မပြေရင် Back တစ်ချက်နှိပ်ပြီး ပြန်ဝင်ကြည့်ပါ။
ဟိုပုန်း တပ်မတော် ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ်မှာ ထမင်းစားနေတုန်း စီနီယာတွေက ပုံစံအပေးလွန်သွားလို့ ဗိုလ်လောင်းတစ်ယောက် ကြွေလွင့်သွားခဲ့ရပြန်ပါပြီ။
မိသားစုကို အကြောင်းကြားတော့ ယုံတောင် မယုံကြပါဘူး။ အလောင်းမြင်မှပဲ အံ့သြပြီး ငိုကြရတဲ့ အဖြစ်ပါ။ ကျောင်းအုပ် က အစာအဆိပ်သင့်လို့ သေတာဆိုပြီး လိမ်ပေမယ့် သတင်းမှန်က မိသားစုဆီသို့ ရောက်လာပြီးပါပြီ။
ဒါဟာ လူသတ်မှု လူကိုသေစေအောင် ကိုယ်ထိလက်ရောက် နှိပ်စက်မှုပါ။ အထက်က တာဝန်ရှိသူတွေက ယခုလို ဖုံးပေး ဖာပေးလေ စီနီယာတွေက ဂျူနီယာတွေကို လူမဆန်စွာ ညှင်းပန်းနှိပ်စက်တဲ့ အနိုင်ကျင့်မှုတွေ ဘယ်တော့မှ ပျောက်မှာ မဟုတ်ပဲ တပ်မတော်ရဲ့ စစ်တက္ကသိုလ်တွေမှာ ဗိုလ်လောင်း လူငယ်တွေရဲ့ အသက်တွေ ခုလိုပဲ နှစ်စဉ်ကြွေလွင့်နေရအုံးမ ည် ဖြစ်ပါတယ်။
တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံက ဥပဒေကို မျက်ကွယ်ပြုနေတာများလားဟုတောင် ထင်ရပါတယ်။ ဘယ်သူ ထိုးတယ်ဆိုတာလဲသိတယ် ဘယ်သူတွေတွေ့တယ် ဆိုတာလဲ သိတယ် အဲဒါကို ဘာလို့များ လူကြီးတွေ ကိုယ်တိုင်က လိုက်ပြီး ဖုံးနေရတာလဲ။ တပ်ထဲကို ထည့်လိုက်တာ အမိနိုင်ငံကို ကာကွယ်ဖို့ပါ။
အခုက တပ်သားအချင်းချင်း ကြီးနိုင် ငယ်ညှင်းဆဲ လုပ်နေရတာလဲ။ လုပ်တဲ့သူကော ဖုံတဲ့သူကော နာမည်နဲ့ ကိုပိုင်နံပါ တ်တွေပါ သိပါတယ်။ မရေးသေးပါဘူး တရားကိုနတ်စောင့်တယ်တဲ့။ ကျွန်မ မောင်လေးမှ ဒီလိုအဖြစ်မျိုးနဲ့ ကြုံရတယ်။ သတ်ဆိုင် လူကြီးတွေရယ် ဒီအတိုင်းပဲ ကြည့်နေတော့မှလား။ fri များ အများသိအောင် share ပေးခြင်းဖြင့် ကူညီပေးကြ ပါရန် မေတ္တာရပ်ခံပါတယ်။

အရင်းအမြစ်: Wai Wai FB
Credit to MCNews



No comments